Please login or sign up to post and edit reviews.
ပဲရစ် အိုလံပစ်ပွဲ ပထမနေ့မှာ တရုတ်က ရွှေတံဆိပ်တွေ ဆွတ်ခူး
Publisher |
BBC
Media Type |
audio
Podknife tags |
Myanmar
News & Politics
Categories Via RSS |
News
Publication Date |
Jul 27, 2024
Episode Duration |
00:15:26

- ဒီနေ့ ဇူလိုင် ၂၇ ရက်နေ့ဟာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ထောင်တဲ့ ၅၂ နှစ်ပြည့် နေ့ဖြစ် ပေမယ့် အဲဒီတိုင်းစစ်ဌာနချုပ် ရှိရာ လားရှိုးမြို့ရဲ့ တစ်ဝက်ကျော်နီးပါးကို ကိုးကန့်တပ်တွေ သိမ်းပိုက်ထားပြီး ရမခအခြေအနေနဲ့ ရှေ့ရေး မရေရာဖြစ်နေ - ရန်ကုန်မှာ ငါးရက်ဆက်တိုက် မိုးမပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ဆင်ခြေဖုံး မြို့နယ်တချို့မှာ ရေဘေးအန္တရာယ်အသိပေးကြေညာချက်တွေ ထုတ်ထား၊ ကယ်ဆယ်ရေးစခန်းကိုရွှေ့ကြဖို့ ရွှေပြည်သာမှာ လိုက်လံကြေညာ၊ လူနေထူထပ်တဲ့ စမ်းချောင်းကျွန်းတောလမ်းမှာလည်း အုတ်တံတိုင်းပြိုကျမှုဖြစ် - သံတွဲက သူဌေးချောင်း ဆည်ရေ စိုးရိမ်ရေမှတ်အထက်ရောက်နေလို့ ဘေးလွတ်ရာပြောင်းရွှေ့ဖို့ အေအေက ထုတ်ပြန်လာချိန် စစ်ကြောင့် ဂွကိုသွားတဲ့တံတားသုံးစင်း မိုင်းခွဲဖျက်ဆီးခံထားရတဲ့ အတွက် ဒေသခံတွေ ပြေးမရ ပိတ်မိ ဖြစ်နေတဲ့ အခြေအနေ - တရုတ်နဲ့ ဖိလစ်ပိုင် ညှိနှိုင်းနိုင်ခဲ့ကြတဲ့ တောင်တရုတ်ပင်လယ် အခြေအနေ - အီရန်မှာ အပူရှိန်မြင့်လွန်းလို့ ရုံးတွေ ဘဏ်တွေ ပိတ် - ဂျပန်က ရွှေတွင်းတခုကို ယူနက်စကိုသမိုင်းဝင် ရှေးဟောင်းအမွေအနှစ်သတ်မှတ်လိုက်တဲ့ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858

This episode currently has no reviews.

Submit Review
This episode could use a review!

This episode could use a review! Have anything to say about it? Share your thoughts using the button below.

Submit Review