စစ်အာဏာ တကျော့ပြန် သိမ်းခံရတာ ၆ လတာ အထူးသုံးသပ်ချက်
Publisher |
BBC
Media Type |
audio
Podknife tags |
Myanmar
News & Politics
Categories Via RSS |
News
Publication Date |
Jul 31, 2021
Episode Duration |
00:12:40
စနေ မနက်ခင်း သတင်းများ (ဇူလိုင်လ ၃၁ ရက် ၂၀၂၁) - စစ်အာဏာ တကျော့ပြန် သိမ်းခံရတာ ၆ လတာ အထူးသုံးသပ်ချက် - အခြေအနေ ပြောင်းချင်ရင် အဆုံးထိ နိုင်အောင်တိုက်လို့ သပိတ်မှောက် လူငယ်တွေပြော - နိုင်ငံတကာ ပဋိပက္ခ လေ့လာရေး ICG အဖွဲ့ကလည်း မြန်မာ့ ဒီမိုကရေစီရေး ပိုရှုပ်ထွေးလာတယ်လို့ သုံးသပ် - အရင်တုန်းကလို စစ်ဗိုလ်ချုပ်တွေနဲ့ အလျှော့အတင်း အပေးအယူလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးတာမျိုး လူးသာလွန့်သာ နိုင်ငံရေး စပေ့စ် ကွက်လပ်မျိုး မရှိတော့ဘူးလို့ ICG ရဲ့ နိုင်ငံတကာအရေး ကျွမ်းကျင်သူ ရစ်ချက်ဟော်ဇီပြော - မြန်မာအရေး ကုလသမဂ္ဂ အနေနဲ့ ပိုပြီး လုပ်ပေးသင့်တယ်၊ အောက်ထစ် လက်နက်တင်ပို့မှု အလုံးစုံပိတ်ရေး ဖြစ်လာဖို့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မျိုး ထွက်သင့်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့က သုတေသီ မဲန်နီမောင်ကလည်း ပြော - လူငယ်တွေရဲ့ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေကို စစ်တပ်က ဆက်လက်ပြီး အင်အားသုံး ဖြိုခွဲနေ - တာမွေမှာ အရပ်ဝတ် လက်နက်ကိုင်တွေက ဆန္ဒပြ လူငယ်တွေကို ဝင်ဆွဲ၊ အနည်းဆုံး လူငယ် ၂ ယောက် ရာဘာကျည် ထိတယ်လို့ ကိုယ်တိုင် တွေ့ကြုံရသူရဲ့ ဘီဘီစီကို ပြောဆိုချက် - ကိုဗစ်ကြောင့် သေဆုံးမှု မြင့်တက်နေတဲ့ နေရာထဲ ပဲခူးလည်း ပါဝင်၊ မြို့ခံ ပရဟိတ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးနဲ့ ဘီဘီစီ မေးမြန်းခန်း - ကိုဗစ်ဒဏ်ကြားကပဲ ဇူလိုင်အကုန် တိုင်းနဲ့ပြည်နယ် ၅ ခုမှာ ရေကြီးရေလျှံတာတွေ ဖြစ်၊ သဘာဝဘေး တုန့်ပြန်ကိုင်တွယ်ရေး ဘာတွေ လုပ်ဆောင်နေလဲ တာဝန်ရှိသူနဲ့ ဆက်သွယ် မေးမြန်းခန်း - ကိုဗစ် မျိုးကွဲပေါ်လာတာ၊ နိုင်ငံတော်တော်များများ ကာကွယ်ဆေး လုံလောက်အောင် ရမနေတာတွေဟာ ကမ္ဘာ့ကပ်ရောဂါ ထိန်းချုပ် ကိုင်တွယ်ရေး အထိနာစေတယ် ဆိုတဲ့ WHO အကြီးအကဲရဲ့ ပြောဆိုချက် ..... စတဲ့ နောက်ဆုံးရ မြန်မာသတင်း၊ နိုင်ငံတကာ သတင်းတွေကို ရှုစား နားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #အောက်စီဂျင် #ကိုဗစ် #ရခိုင် #လုံခြုံရေးကောင်စီ #ကုလသမဂ္ဂ #ဗြိတိန် #NUG #ICG #HRW #တာမွေ #ပဲခူး

This episode currently has no reviews.

Submit Review
This episode could use a review!

This episode could use a review! Have anything to say about it? Share your thoughts using the button below.

Submit Review