မြန်မာအရေး လုံခြုံရေးကောင်စီ အလွတ်သဘော ကြားနာပွဲ ကျင်းပ
Publisher |
BBC
Media Type |
audio
Podknife tags |
Myanmar
News & Politics
Categories Via RSS |
News
Publication Date |
Jul 30, 2021
Episode Duration |
00:12:12
သောကြာ မနက်ခင်း သတင်းများ (ဇူလိုင်လ ၃၀ ရက် ၂၀၂၁) - မြန်မာအရေး လုံခြုံရေးကောင်စီ အလွတ်သဘော ကြားနာပွဲ ကျင်းပ - သီတင်း နှစ်ပတ်အတွင်း မြန်မာ လူဦးရေထက်ဝက် ကိုဗစ်ကူးနိုင်တယ်လို့ ကုလဆိုင်ရာ ဗြိတိန်သံအမတ် သတိပေး - မြန်မာပြည်ထဲ ကိုဗစ်ကိုင်တွယ်ရေးမှာ ကုလဦးဆောင်တဲ့ စောင့်ကြည့်ရေး ယန္တရား အရေးပေါ် ဖွဲ့ပေးဖို့ NUG ကိုယ်စား ဦးကျော်မိုးထွန်း တောင်းဆို - အောက်ဆီဂျင် စက်ရုံဆောက်တာ အပါအဝင် ကိုဗစ် ထိန်းချုပ်ရေး လုပ်ငန်းတွေ လုပ်ဖို့ဆို ငွေသားပမာဏ အကန့်အသတ် မရှိပဲ ဘဏ်တွေက ထုတ်ပေးဖို့ ဗဟိုဘဏ် ညွှန်ကြား။ ဗဟိုဘဏ် ဒုဥက္ကဌ ဦးဝင်းသော်နဲ့ ဘီဘီစီ မေးမြန်းခန်း - ရေအောက်နစ်ခဲ့တဲ့ သံတွဲ အောက်ဆီဂျင် စက်ရုံ ဘယ်တော့ ပြန်လည်နိုင်မလဲ အပါအဝင် ရခိုင်က အောက်ဆီဂျင် လိုအပ်မှု အခြေအနေအကြောင်း ပြည်နယ် ဥပဒေချုပ်နဲ့ ဘီဘီစီ မေးမြန်းခန်း - ကမ္ဘာ့ ပညာရေး လန်ဒန် ထိပ်သီးညီလာခံကနေ နိုင်ငံတကာ ရန်ပုံငွေ ဒေါ်လာ လေးဘီလီယံပဲ မတည်နိုင်၊ မျှော်မှန်း ပမာဏအောက် ဒေါ်လာသန်း တစ်ထောင်လျော့နည်းနေတာကို ပရဟိတအဖွဲ့တွေ ဝေဖန် - နိုင်ငံတကာ အာကာသစခန်းမှာ ရုရှားတို့ အနှစ်နှစ် အလလ ကြိုးစားခဲ့တဲ့ ဘက်စုံသုံး သိပ္ပံ စမ်းသပ် ဓာတ်ခွဲခန်း အသစ် ချိတ်ဆက်လိုက်နိုင်ပြီ ..... စတဲ့ နောက်ဆုံးရ မြန်မာသတင်း၊ နိုင်ငံတကာ သတင်းတွေကို ရှုစား နားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #အောက်စီဂျင် #ကိုဗစ် #ရခိုင် #လုံခြုံရေးကောင်စီ #ကုလသမဂ္ဂ #ဗြိတိန် #NUG #ဦးကျော်မိုးထွန်း

This episode currently has no reviews.

Submit Review
This episode could use a review!

This episode could use a review! Have anything to say about it? Share your thoughts using the button below.

Submit Review